ဆရာမဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ တင်တင်ဝင်း ဖြစ်သည်။ မွေးချင်း (၅)ယောက်အနက် တတိယမြောက်ဖြစ်သည်။
ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီဘီအက်စ် ဘွဲ့ရရှိခဲ့သည်။
၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံးလုံးချင်းဝတ္ထု ဖြစ်သော *အမှတ်တရ* ဝတ္ထု (ဝေဖန်ခံရသော စာအုပ်) ဖြင့် အောင်မြင်သော စာရေးဆရာမ ဖြစ်လာခဲ့သည်။
မဟေသီ၊ ဒဂုန်၊ ဟန်သစ်၊ ချယ်ရီ၊ ကလျာ၊ စပယ်ဖြူ မဂ္ဂဇင်း များတွင်လည်း ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားသည်။ ဆရာမဂျူး ရေးသား ခဲ့သော စာအုပ်များအနက် ကြာတော့သည်လည်း မောင့်စကား ၊ ကြေမွသွားသော တိမ်တိုက်များ အကြောင်း၊ ပင်လယ်နှင့်တူသော မိန်းမများ၊ မရှိမဖြစ်မိုး၊ မြစ်တို့၏ မာယာ၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ၊ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် စသည့် ဝတ္ထုများကို ရုပ်ရှင်ကားများအဖြစ် ရိုက်ကူးခဲ့ရသည်။
စတုတ္ထတန်း အရွယ်တွင် မိခင် ဖြစ်သူက စာရေးဆရာ ဓူဝံ၏ မာလာ ဝတ္ထုကို ပေးဖတ် ခဲ့သည်။ ထိုအချိန်မှ စ၍ စာရေး ဆရာနှင့် ဝတ္ထု အတတ် ပညာကို စိတ်ဝင်စားကာ စာရေးဆရာ ဖြစ်ချင်ခဲ့သည်။ မူလရည်ရွယ်ချက်မှာ တက္ကသိုလ်တွင် ဆရာမ လုပ်ကိုင်ရင်း စာရေးဆရာမ ဖြစ်ရန်ရည်ရွယ်ခဲ့သည်။ ဆယ်တန်း ဖြေပြီးချိန် ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့သည်။
၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ *ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့* ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြ ခံရသော စာမူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ကိုယ်တိုင် ထုတ်ဝေသူ ဖြစ်လာ ခဲ့ပြီး ဂျူးစာပေတိုက်ကို တည်ထောင် ခဲ့သည်။ 'အရောင်များနှင့်ကစားခြင်း' ဝတ္တတိုပေါင်းချုပ်အပါအဝင် ဝတ္တတိုပေါင်းချုပ် (၇)အုပ် 'ကျွန်မချစ်သော မြို့တမြို့'၊ 'ကျွန်မချစ်သောနိုင်ငံ'၊ 'ကျွန်မချစ်သောကမ္ဘာမြေ' နှင့် 'အစိမ်းရောင် အမွေအနှစ်' သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်းပါးများ စာအုပ်(၄)အုပ် ကို ရေးသားထုတ်ဝေခဲ့သည်။ မြန်မာစာပေနှင့် နိုင်ငံတကာစာပေအကြောင်းကို 'ကျွန်မဖတ်ခဲ့သော စာအုပ်များ' အမည်ဖြင့် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာရေးရာ နှင့်ပတ်သက်၍ 'အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ'၊ 'အောက်ခြေသန်းတထောင်' စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ဂျူး ရေးသား ခဲ့သော ဝတ္ထုများ အနက် 'ရိုမန်တစ် တစ္ဆေ' (မြန်မာ အမျိုးသမီး စာရေး ဆရာမ ၁၂ ဦး) ကို ၁၉၈၆ ခုနှစ်က လည်းကောင်း၊ 'အဝေးကြည့် မှန်ပြောင်း '(နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ) ကို ၁၉၈၇ ခုနှစ်က လည်းကောင်း ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။
၂၀၁၈ခုနှစ် ဇူလိုင်လထုတ် 'သက်တန့်တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ' ဖြင့် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ချီးမြှင့်ခြင်းခံရသည်။
ဆရာမဂျူးသည် ယခုအခါ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်လျက်ရှိသည်။
ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ
အမှတ်တရ (၁၉၈၇)
မြစ်တို့၏ မာယာ (၁၉၉၀)
ကြေမွသွားသော တိမ်တိုက်များအကြောင်း (၁၉၉၁)
ကောင်းကင်မပါသော ညနှင့် အခြားဝတ္ထုတိုများ (၁၉၉၁)
မရှိမဖြစ်မိုး (၁၉၉၂)
နံရံ၏ အခြားတဖက် (၁၉၉၃)
မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် (၁၉၉၄)
ချစ်ခြင်း၏ အနုပညာနှင့် အခြားဝတ္ထုတိုများ (၁၉၉၄)
ကံကြမ္မာကို မယုံကြည်ကြသူများ (၁၉၉၅)
မြစ်တစင်းကို ဖြတ်ကျော်ခြင်း (၁၉၉၆)
ပင်လယ်နှင့်တူသော မိန်းမများ (၁၉၉၆)
ရေမျောသီး (၁၉၉၇)
ကြာတော့သည်လည်း မောင့်စကား (၁၉၉၇)
ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ (၁၉၉၇)
ကျွန်မ၏ သစ်ပင် (၁၉၉၇)
ကျွန်မဖတ်ခဲ့သော စာအုပ်များ (၁၉၉၈)
ဆရာဝန်တယောက်၏ မှတ်စုများ (၁၉၉၉)
ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ (၂၀၀၀)
နိုဝင်ဘာမိုး (၂၀၀၁)
ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ (၂၀၀၂)
လရောင်အောက်ဘက် မိုင်အဝေးမှာ (၂၀၀၂)
ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် (၂၀၀၂)
တိမ်နဲ့ချည်တဲ့ကြိုး (၂၀၀၄)
စောင့်နေမယ်လို့ မပြောလိုက်ဘူး (၂၀၀၆)
ကြယ်ကြွေတို့ရဲ့ အတောင်ပံ (၂၀၀၆)
သူမင်းကို ဘယ်တော့မှ (၂၀၀၈)
ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ (၂၀၁၁)
ဆုံနေရက်နဲ့လွမ်းလေခြင်း (၂၀၁၃)
သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ (၂၀၁၈)
အခြား စာရေးဆရာများနှင့် ရေးသားထုတ်ဝေခဲ့သောစာအုပ်များ
ချစ်တယ် ကြိုက်တယ် ဆိုတာ ဘယ်လိုဟာမျိုး ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောပြစမ်းပါ နှမတော်လေးရယ်နှင့် အခြားဝတ္ထုများ (၁၉၉၉)
စာဆိုနှင့် စာ (ဆောင်းပါးပေါင်းချုပ်)
ပျောက်ဆုံးနေသော (၁၉၉၇)
မြန်မာဝတ္ထုတို အဖွင့် အပိုင်း (၁) (၁၉၉၈)
ရာစုသစ်သို့ ပျံသန်းခြင်း (ဝတ္ထုတိုစု)
အရောင်များနှင့် ကစားခြင်း
ဥတ္တရလမင်း ခံစားသူအကြိုက် ဝတ္ထုတိုများ (၁၉၉၉)
ကြည်းတော၌မိုးခေါ်ခြင်း (ဂျူး၊ နေဝင်းမြင့်)