စနေနံစေတီတော်

Listing Description

စနေနံစေတီတော်သည် ရေနံချောင်းမြို့၏ အာဝဋဂီရိတောင်တွင် တည်ရှိပြီး မူလဘွဲ့အမည်မှာ ရွှေမုဋ္ဌော ဟုခေါ်တွင်ခဲ့ပါသည်။ စေတီတော်သည် ရှေးအခါက ရေနံချောင်းမြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြို့၏တည်နေရာ အရှေ့ဘက်သို့ တဖြည်းဖြည်းရွေ့လာခဲ့သဖြင့် စေတီတော်တည်နေရာသည် မြို့၏အနောက်တောင်ဘက် စနေထောင့်အရပ်သို့ ရောက်ရှိသွားသဖြင့် စနေနံစေတီ ဟု ခေါ်တွင်ကြပါသည်။