တိပိဋကတ်စုံကျောက်စာရုံတော်ကြီး

Listing Description

ရေနံချောင်းမြို့၊ မြို့မမြောက်ဒိုင်နယ် ပုဏ္ဏားကုန်းရပ်ကွက်တွင် တည်ရှိသည်။ ရတနာဂီရိတောင်တော်ဦးနေရာရှိ ဧရိယာ ၁.၁၈၉ ဧက၌ မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် (ခရစ်နှစ်၁၉၀၈)တွင် တွင်းရိုးတွင်း၊ သူဌေးကြီး ဦးသာကံ ၊ဇနီးဒေါ်ခင်သင်(ခေါ်)ဒေါ်ခင်လေးတို့ မိသားစုမှ လှူဒါန်းတည်ဆောက်ရာ ၁၇ နှစ်ကြာ၍ မြန်မာသက္ကရာဇ် ၁၂၈၇ခုနှစ် (ခရစ်နှစ် ၁၉၂၅) တွင် ပြီးစီးခဲ့သည်။ ရတနာဂီရိ တောင်တော်၏ ထိပ်ဆုံးနေရာတွင် ဝိနည်းပိဋကတ်တိုက်၊ အလယ်နေရာတွင် အဘိမ္မာ ပိဋကတ်တိုက်၊ အောက်ဆုံးတောင်ခြေနေရာတွင် သုတ္တန်ပိဋကက်တိုက် ၂ (စုစုပေါင်းပိဋကတ်တိုက် ၅ခု)တည်ရှိသည်။ ဝိနည်းပိဋကတ်တိုက် ၁ ခုတွင် ဝိနည်းကျောက်စာ ၁၁၄ ချပ်၊ လက်ဝဲအဘိဓမ္မာပိဋကတ်တိုက်၌ ကျောက်စာ ၁၀၁ ချပ်၊ လက်ယာအဘိဓမ္မာပိဋကတ်တိုက်ချုပ် (အဘိဓမ္မာကျောက်စာ ၂၁၁ ချပ်)၊ လက်ဝဲ သုတ္တန်ပိဋကတ်တိုက်၌ ကျောက်စာအချပ် ၆၀၊ လက်ယာ ပိဋကတ်တိုက် ကျောက်စာ ၆၄ ချပ် (သုတ္တန်ကျောက်စာ ၁၂၄ ချပ်) (စုစုပေါင်း ပိဋကတ်တိုက် ၅ ခု၌ ဝိနည်း၊ အဘိဓမ္မာ ၊ သုတ္တန် ပိဋကတ်ကျောက်စာ ၄၅၁ ချပ်) တို့ကို စကျင်ကျောက်တွင် ပူဇော်ထားခြင်းဖြစ်သည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျှက်ရှိပါသည်။