နေထူးနိုင်

Listing Description

နေထူးနိုင်ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ရေနံချောင်းမြို့၌ မွေးဖွားခဲ့သည်။ အထက်တန်းအောင်မြင်သောအခါ စစ်တက္ကသိုလ် သို့တတ်ရောက်ရန်ပြင်ဆင်ခဲ့သော်လည်း စစ်ဆေးမှုမအောင်မြင်ခဲ့သောကြောင့် ရေနံချောင်းမှ ရန်ကုန်သို့ သွားရောက်နေထိုင်ခဲ့ပြီး အနုပညာအလုပ်များ စတင်ခဲ့သည်။

အသက်၂၀ ကျော် ၁၉၉၇ ဝန်းကျင်တွင် အနုပညာရပ်များကို စတင်သင်သူလေ့လာခဲ့သည်။ သူ့၏ဆရာမှာ ဒါရိုက်တာ အောင်မင်းသိန်း ဖြစ်ပြီး မင်းသားဖြစ်ရန် သရုပ်ဆောင်ပညာများကိုလည်း သင်ကြားပေးခဲ့သည်။ ပထမဆုံး ပါဝင်သရုပ်ဆောင်သော ဇာတ်ကားမှာ "ဗရုတ်" ဖြစ်သည်။ နေထူးနိုင် ဟု လူအများသိစေသော ဇာတ်ကားမှာ "အမည်မဲ့ဓား" ဖြစ်သည်။ ထို့နောက် ဗီဒီယို ဇာတ်ကားများနှင့် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်ရိုက်ကူးခဲ့သည်။ အမည်မဲ့ဓါးနှင့် မီးနဂါးရဲတိုက်၊ မီးလက်ဝါး၊ ဓါးဘုရင်နှင့် နဂါးစံအိမ်အရှုပ်တော်ပုံ၊ လူဆိုးတွေကိုထိန်းတဲ့ မိုးဟိန်း၊ ဗန်တိုစံညိုနှင့် ရှောင်လင်သိုင်းရာဇာ၊ ဓါးဘုရင်နှင့် ပြန်လမ်းမဲ့တောင်ကြား၊ နင်ဂျာဘုရင်၊ အာဠာဝကတိုင်းကျော်၊ ငါ့ရင်ဘက်ပေါ်မှာ ပန်းခင်းတွေစိုက်ပါ၊ ရွှေရုပ်နဲ့ ဇနပုဒ်၊ တောသားလည်းအသည်းနဲ့ပါ စသည့် ဇာတ်ကားများမှာ နာမည်ကြီး လူကြိုက်များခဲ့သည်။ လက်ရှိအချိန်ထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၃၀၀ ကျော်ရိုက်ကူးထားသည်။

၂၀၁၈ ခုနှစ်တွင် Target Art Training Center အက်ရှင်သင်တန်းကျောင်း ဖွင့်လှစ်ခဲ့သည်။

နေထူးနိုင်သည် သူ၏ ဇာတ်ကားများစွာတွင် လက်တွဲသရုပ်ဆောင်သော အဆိုတော်၊ သရုပ်ဆောင် မြသင်းချယ် နှင့်လက်ထပ်ခဲ့ပြီး သားနှစ်ယောက်ထွန်းကားခဲ့သည်။