ရေနံချောင်းတက္ကသိုလ်

Listing Description

ရေနံချောင်းမြို့၏တောင်ဘက် ရန်ကုန်-မန္တလေး ပြည်‌ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၅၂.၇၅ ဧက (၂၁.၃၅ ဟက်တာ) ကျယ်ဝန်းသည်။ ၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရေနံချောင်းဒေသကောလိပ်ကို BOC‌ ဆေးရုံဟောင်း နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ရေနံချောင်းဒေသကောလိပ်ကို ရေနံချောင်းကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရေနံချောင်းကောလိပ်ကို ရေနံချောင်းဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။