ဂျိုးဖြူရေလှောင်ကန်

Listing Description

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် တည်ရှိသည်။ ၁၉၃၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၄၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၇၉၂ ဧက ကျယ်ဝန်းပြီး ရေဂါလန်သန်းပေါင်း ၁၆၆၀၀ ကို သိုလှောင်ထားနိုင်ကာ တစ်ရက်လျှင် ရေဂါလန်သန်းပေါင်း ၂၇ သန်း ပေးဝေနိုင်သည်။ ပင်မရေလှောင်ကန်ကြီးမှာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၂၁၅ ပေတွင်တည်ရှိပြီး အောက်ရေစစ်ကန်မှာ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၈၉ ပေတွင် တည်ရှိသည်။ ရေစတင်ပေးဝေသော နေရာ Terminal သည် ရေအောက် ၁၄၂ ပေ အနက်တွင် တည်ရှိပြီး အရှည် ၇၅၅ ပေ ၊ ထု ၁၄ ပေ ပေခန့်အထူ ရှိသည်။ ဂျိုးဖြူရေလှောင်ကန်မှ ကုက္ကိုင်းရေလှောင်ကန်ကြားအကွာအဝေးမှာ ၄၃ မိုင်ရှိသည်။ မူလဂျိုးဖြူရေပေးဝေရေးစနစ်တွင် ဂျိုးဖြူရေလှောင်ကန်မှ ဂျိုးဖြူရေသည် ၅၆ လက်မ သံမဏိရေပို့ပိုက်လိုင်းတစ်လျှောက် ကမ္ဘာမြေဆွဲအားဖြင့် ကုက္ကိုင်းရေလှောင်ကန်ထိ ရောက်ရှိခဲ့သော်လည်း ဂျိူးဖြူကန်နှင့် ကုက္ကိုင်းရေလှောင်ကန်အကြား ဂျိုးဖြူပိုက်လိုင်းမှ ရေဖောက်ယူမှုများ ရှိခဲ့သောကြောင့် ရေဖိအား လျော့ကျပြီး ကုက္ကိုင်းကန်ပေါ်သို့ ကမ္ဘာမြေဆွဲအားဖြင့် ရေမရောက်ရှိနိုင်တော့သဖြင့် ရေအလုံအလောက်ပေးဝေနိုင်ရန် ရေကူးရေတွန်းစက်ရုံမှ ထပ်ဆင့်ရေတွန်းပို့ခဲ့ရသည်။ ဂျိုးဖြူရေကန်ထဲမှ ရေများ၏ အရင်းအမြစ်မှာ မိုးရေဖြစ်ပြီး ရေ၏အရောင်၊ အဆင့်အတန်းနှင့် ရေသိပ်သည်းဆ၊ အနည်ထိုင်မှုတို့ကို တိုင်းတာချက်အရ ဂျိုးဖြူကန်မှရေသည် ကျန်းမာရေးအတွက် သောက်သုံးရန် အထူးသင့်တော်သည့် Ph level အမျိုးအစားထဲတွင် ပါဝင်သည်ဟု သိရသည်။