အိမ်ရာလိုအပ်သူပြည်သူများအတွက် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ရောင်းမည်

Listing Description

ရန်ကုန်   ဒီဇင်ဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်)နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်တို့တွင် တည်ဆောက် ပြီးဖြစ်သည့် ရိုးမတန်ဖိုးနည်းအိမ်ရာနှင့် အောင်မြင့်မိုရ်တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းမှ တိုက်ခန်းများကို မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ရန်ကုန်က အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေ ပြီဖြစ်သည်။

အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိ

အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)   ၌    အနည်းဆုံးစုဆောင်းငွေ ကျပ်သိန်း ၃၀ ရှိပါက ကျန် ၇၀ ရာခိုင်နှုန်းကို ၁၀ နှစ်မှ ၁၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးလျက်ရှိသည်။

ရောင်းချမည့် အိမ်ရာစီမံကိန်းများမှာ ရိုးမတန်ဖိုးနည်းအိမ်ရာစီမံကိန်း  တည်နေရာအမှတ် (၁၆၈)ရပ်ကွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံကိန်း ဧရိယာ ၃၂ ဧကပေါ်၌ ခြောက်ခန်းတွဲ လေးထပ် ၁၆ လုံး၊ ရှစ်ခန်းတွဲ လေးထပ် ၁၂ လုံး၊ ၁၂ ခန်းတွဲ လေးထပ် ၂၄ လုံး၊ ခြောက်ခန်းတွဲ လေးထပ်၊ ရှစ်ခန်းတွဲ လေးထပ်၊ ၁၂ ခန်းတွဲ လေးထပ် စသည်တို့တွင် အခန်းပေါင်း ၁၉၂၀ ရှိသည်ဟု သိရသည်။

ရောင်းချလျက်ရှိသည့် ဈေးနှုန်းမှာ ခြောက်ခန်းတွဲ လေးထပ်မှ မြေညီထပ် ငွေကျပ် ၁၂၂ သိန်း၊ ပထမထပ် ငွေကျပ် ၁၁၄ သိန်း၊ ဒုတိယထပ် ငွေကျပ် ၁၀၄ သိန်း၊ တတိယထပ် ငွေကျပ် ၉၆ သိန်း၊ ရှစ်ခန်းတွဲ လေးထပ်တွင် မြေညီထပ် ငွေကျပ် ၁၃၁ သိန်း၊ ပထမထပ် ငွေကျပ် ၁၁၆ သိန်း၊ ဒုတိယထပ် ငွေကျပ် ၁၀၆ သိန်း၊ တတိယထပ် ငွေကျပ် ၉၆ သိန်းနှင့် ၁၂ ခန်းတွဲ လေးထပ်တွင် မြေညီထပ် ငွေကျပ် ၈၉ သိန်း၊ ပထမထပ် ငွေကျပ် ၇၉ သိန်းနှင့် တတိယထပ် ငွေကျပ် ၆၆ သိန်းတို့ ဖြစ်သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) ရပ်ကွက် (၁၄၄)၊ ရိုးမရိပ်သာလမ်းနှင့် အောင်မြင့် မိုရ် လမ်းအကြား အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းတွင် ခြောက်ခန်းတွဲ လေးထပ် တိုက် ၂၄ လုံး၊ ၅၇၆ ခန်း၊ ရှစ်ခန်းတွဲ လေးထပ်တိုက် ၁၂ လုံး၊ ၃၈၄ ခန်း၊ လေးခန်း တွဲ သုံးထပ်တိုက် ရှစ်လုံး၊ ၉၆ ခန်း စုစုပေါင်း ၄၄ လုံးမှ အခန်းပေါင်း ၁၀၅၆ ခန်းတို့ဖြစ်သည်။

အဆိုပါစနစ်ဖြင့် ဝယ်ယူလိုသူများသည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်ရုံးအမှတ် (၄၀)နှင့် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ်အောင်ဆန်းလမ်း ရန်ကုန်မြို့ ဖုန်း ၀၆၇-၃၄၀၇၅၂၇နှင့် ၀၁-၈၃၉၂၅၂၄ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ခရမ်းစိုးမြင့်