ဝင်းမင်းသန်း

Listing Description

၁၉၃၂ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် ပဲခူးမြို့ ၌ မွေး၍ ရန်ကုန်တွင် ကြီးပြင်းခဲ့သည်။ ဖခင်မှာ ဩစတြီးယားလူမျိုး သယ်ယူပို့ဆောင်ရေးဌာန မန်နေဂျာ မစ္စတာ ဂျွန်ဆင် ဖြစ်ပြီး မိခင်မှာ ဗမာ ဖြစ်သည်။ ငယ်မည်မှာ ဝင်းဝင်းမြင့် ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ ဟဲလဂါဂျွန်ဆင် (Helga Johnson) ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဖက်ဆစ်ဂျပန်များဝင်သည့်အခါ မိသားစုလိုက် အိန္ဒိယနိုင်ငံသို့ စစ်ပြေးသည်။ အသက် ၁၄ နှစ်မတိုင်မီအထိ သီလရှင်ကျောင်းတွင် တက်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးချိန်တွင် မြန်မာနနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။  ထို့နောက်အိန္ဒိယနိုင်ငံ ဒါဂျီလင် ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင်  အင်္ဂလန်ရှိ ရွန်ဘာဘယ်လေ ကျောင်းတွင် တစ်နှစ်တာမျှ အကပညာသင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ 

၁၉၅၄ ခုတွင် အမေရိကန် ရုပ်ရှင် ဒါရိုက်တာ Robert Parrish ၏ သူငယ် ချင်းတစ်ဦးက ဝင်းမင်းသန်းအိမ် အလည်ရောက်သွားစဉ် ဝင်းမင်းသန်း ကို ဓာတ်ပုံရိုက်ခဲ့သည်။ ထိုဓာတ်ပုံကို Robert Parrish ထံ လှမ်းပို့လိုက်ရာ ခရမ်းရောင် လွင်ပြင် အတွက် ဝင်းမင်းသန်းကို ခေါင်းဆောင် မင်းသမီး တင်ရိုက်ရန် ဆုံးဖြတ်ကာ ရန်ကုန်ကို လိုက်လာပြီး ဝင်းမင်းသန်းကို ခေါင်းဆောင် မင်းသမီး လုပ်ရန် တိုက်တွန်းသည်။ ဤသို့ဖြင့် လျှောက်လွှာ မတင်ဘဲနှင့် ဝင်းမင်းသန်းသည် "The Purple Plain (ခရမ်းရောင်လွင်ပြင်)" ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီး ဖြစ်လာသည်။ ထိုဇာတ်ကားတွင် ကျောင်းဆရာမလေး Anna အဖြစ် နာမည်ကျော်မင်းသားကြီး ဂရေဂရီပက် (Gregory Peck) နှင့်အတူ ပါဝင်ရိုက်ကူးခဲ့သည်။

၁၉၅၄ ခု၊ ဇန်နဝါရီလ ၇ ရက်တွင် ရောမမြို့ ကက်ပီတော် ဗဟိုရုံးကြီး၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီး ဗိုလ်စကြာ နှင့် လက်ထပ်သည်။ ဗိုလ်စကြာ၏ အမည်မှာ အောင်သန်း ဖြစ်ရာ ခင်ပွန်းအမည်ယူ၍ ဝင်းမင်းသန်း ဟူ၍ ဖြစ်လာသည်။  ၁၉၅၆ ခုနှစ်တွင် အာကာစကြာ အမည်ရှိ သားတစ်ယောက် ထွန်းကားသည်။

မင်းသမီး ဝင်းမင်းသန်းသည် တစ်ကားတည်းသော ရုပ်ရှင်ကို ရိုက်ကူးပြီး ၁၉၆၄ ခုနှစ် အသက် ၃၁ နှစ်တွင် ကျန်ရှိသောသားနှင့်အတူ Australia သို့အပြီးတိုင် သွားရောက်နေထိုင်ခဲ့သည်။