အင်းဝကျောင်းတိုက်

Listing Description

အင်းဝဘုန်းတော်ကြီးကျောင်းတိုက်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် တည်ရှိပါသည်။ အင်း၀  ကျောင်းတိုက်ကို မြန်မာသက္ကရာဇ်  ၁၂၃၅ ခုနှစ် (ခရစ်နှစ် ၁၈၇၄ ခုနှစ်) တွင် တည်ထောင်ခဲ့ပြီး ကျောင်းတိုက် အတွင်း တည်ဆောက်ထားသည့် နှစ်ထပ် အုတ်တိုက်ကြီး သည် သက်တမ်း ၁၄၄ နှစ် ကျော်လွန်ခဲ့ပြီဖြစ် သည်။ ဆဋ္ဌ သင်္ဂါယနာတင်ပွဲ၏   ဆဋ္ဌသံဂီတိ  ဩဝါဒါစရိယဆရာတော် တစ်ပါးဖြစ်ကာ ဟိတောပဒေသ ကျမ်းကို မြန်မာပြန်ဆိုခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာစာရသည် အင်းဝကျောင်းတိုက်ကြီးတွင် ပျံလွန်တော်မူချိန်အထိ သီတင်းသုံးခဲ့သည်။ နှစ်ထပ်ကျောင်းတိုက်ကြီး၏ အတွင်းဘက်နံရံများတွင် ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝဖြစ်စဉ်တော်များနှင့် ဇာတ်ကြီး ၁၀ ဘွဲ့ကို သရုပ်ဖော်ရေးဆွဲထားသော နံရံဆေးရေးပန်းချီကားများကိုလည်း ရှုမငြီးဖွယ် တွေ့မြင်နိုင်ပါသည်။ အင်းဝကျောင်းတိုက် ပရဝုဏ်အတွင်းတွင် မြတ်လေးရုံဘုရားကြီး၊ ရတနာမာန်အောင်ဘုရားကြီး၊ ကွင်းလုံးဖြူဘုရားကြီးဟူ၍ ဘွဲ့တော်သုံးမည်ရသော အဖျောက်မြို့၏ ကျက်သရေဆောင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူ တည်ရှိပါသည်။