ဗြန့်ကြီးရေလွှဲဆည်

Listing Description

ဗြန့်ကြီးရေလွှဲဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဗြန့်ကြီးကျေးရွာအနီးတွင် တည်ရှိပါသည်။ ကျောက်စီကွန်ကရစ်ရေလွှဲဆည်အမျိုးအစားဖြစ်ပြီး ဗြန့်ကြီးရွာအနီးရှိ နန်းလိုင်းချောင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေလုံးငွေရင်းကျပ် ၂၅၃.၂ သန်းဖြင့် တည်ဆောက်ခဲ့ပြီး လယ်မြေဧက ၂၀၀ ကျော်ကို အကျိုးပြုလျက်ရှိပါသည်။ ဗြန့်ကြီးရေလွှဲဆည်သည် အလျား ၁၃၀ ပေ၊ အနံ ၉၇ ပေ ၆ လက်မ၊ အမြင့် ၉ ပေ ၆ လက်မရှိပြီး ကောလင်းခရိုင် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်များတွင်တည်ရှိသော ရေလွှဲဆည်များအနက် အကြီးဆုံးရေလွှဲဆည်ဖြစ်ပါသည်။