စော်ဘွားကန်

Listing Description

စော်ဘွားကန်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ အရှေ့တောင်ဘက်တွင် တည်ရှိပြီး လက်ရှိအချိန်တွင် မြို့ရေပေးဝေရေးနှင့် လယ်မြေဧကများစွာတို့အတွက် အကျိုးပြုလျက်ရှိပါသည်။ ဝန်းသိုစော်ဘွားဦးအောင်မြတ်၏ ခမည်းတော် ဦးရွှေသားသည် ပြည်သူများ လယ်ယာမြေများတွင် သီးနှံစိုက်ပျိုးရန် ရေအလုံအလောက်မရရှိသောကြောင့် လယ်ယာမြေများစွာကို ရာသီမရွေးရေသွင်းစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ခရစ်နှစ် ၁၈၇၇ ခုနှစ်၌ တူးဖော်ခဲ့ပါသည်။ ယင်းသို့တူးဖော်ရာတွင် ကန်၏ ကန်ဘောင်ခိုင်ခံ့စေရန်အတွက် ဆင် ၁၀ ကောင်ကို အသွားအပြန်နင်းလျောက်စေခဲ့သည်ဟု သိရပါသည်။ ယင်းစော်ဘွားကန်ကြီးကို ဝန်းသိုစော်ဘွားဦးအောင်မြတ်လက်ထက်တွင် ပြန်လည်ပြုပြင်တူးဖော်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ထပ်မံပြုပြင်တူးဖော်ခဲ့ပါသည်။ စော်ဘွားကန်သည် သဘာဝရှုခင်းသာယာလှပသဖြင့် လာရောက်အပန်းဖြေသူများဖြင့်လည်း စည်ကားလျက်ရှိပါသည်။