ချင်းတွင်းတံတား (မုံရွာ)

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ကို ဆက်သွယ်ပေးသော မုံရွာ-ယာကြီး - ကလေးဝ လမ်းပေါ်တွင်ရှိပြီး မုံရွာမြို့အနီးတွင် တည်ဆောက်ထားသည်။ ဤတံတားကြီးပေါ်မှ ဖြတ်သန်း ၍ ပုသိမ် - မုံရွာလမ်းမကြီးနှင့် မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းမကြီးတို့ကို သွားရောက်နိုင်ပါသည်။ မုံရွာမြို့ အနီး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဒေသများဖြစ်သော ညောင်ပင်ကြီး၊ အောင်ဇေယျမြို့သစ်များနှင့် ဆက်သွယ်ရာတွင် အရေးပါသော တံတားကြီး တစ်စင်းဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာ-ယာကြီး-ကလေးဝ လမ်းနှင့်အတူ ၇-၄-၂၀၀၃ ရက်နေ့တွင် ချင်းတွင်းတံတား (မုံရွာ)ကို ဖွင့်လှစ်ခဲ့သည်။ တံတားအရှည်ပေ ၄၇၃၀ ရှိပြီး နှစ်လမ်းသွားကားလမ်း သံမဏိသံပေါင် အမျိုးအစား တံတားကြီးဖြစ်သည်။

#ချင်းတွင်းမြစ်ကူးတံတား မုံရွာတံတား