မဟာဗောဓိတစ်ထောင်

Listing Description

ကမ္ဘာကျော် မဟာဗောဓိတစ်ထောင် သာသနာ့နယ်မြေတော်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မုံရွာမြို့၏အရှေ့တောင်ဘက် ၉ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည်။ ထောင်ပေါင်းများစွာရှိသော ဗောဓိညောင်ပင်များကြောင့် ဗောဓိတစ်ထောင်ဟု ထင်ရှားသည်။ ထောင်ပေါင်းများစွာသော ဗုဒ္ဓရုပ်ပွားတော်များနှင့် ထောင်ပေါင်းများစွာသော ဗုဒ္ဓကိုယ်စား ပရိဘောဂစေတီဗောဓိပင်များရှိသည်။ ဗောဓိတစ်ထောင်ဆရာတော်ကြီး နုစဉ်အခါဘဝ ရဟန်းပျို ရှင်နာရဒ(ရဟန်းဝါ ၁၀ အရ) သည် မြန်မာသက္ကရာဇ် ၁၃၂၂ ခုနှစ်တွင် ဗောဓိပင်ပေါင်း ၂၇ ပင်ကို ဤနေရာတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ဧက ၂၅ဝခန့်မျှ အကျယ်အဝန်းရှိနေပြီး ဗောဓိပင်ပေါင်း ၉၀၀၀ ကျော်ခန့် ရှိနေပြီဖြစ်သည်။ ဗောဓိတစ်ထောင်သာသနာနယ်မြေအတွင်းရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး လေးကျွန်းစင်္ကြာရပ်တော်မူမြတ်စွာဘုရား၊ လျောင်းတော်မူ မြတ်စွာဘုရား၊ ထိုင်တော်မူမြတ်စွာဘုရားကြီးနှင့် အောင်စကြာစေတီတော်တို့သည် မုံရွာမြို့အနီး ခတက္ကန်တောင်ရွာ ဇီးဖြူတောင်ပေါ်တွင် ခမ်းနားသပ္ပါယ်စွာစံမြန်းတည်ရှိနေပါသည်။