ငြိမ်းသော်

Listing Description

၁၉၉၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် မုံရွာမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ မုံရွာတက္ကသိုလ်တွင် ဥပဒေဘာသာရပ် သင်ကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် John Lwin ၏ မော်ဒယ်သင်တန်း Stars Int'l Models Agency တက်ရောက်ခဲ့သည်။ ထို့နောက် Mr. ASNI 2014 တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည်။

၂၀၁၇ ခုနှစ်တွင် “ည” ရုပ်ရှင်ဇာတ်ကား၌ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Samsung Myanmar မှ ထုတ်လုပ်သည့် မီနီဝဘ်စီးရီး “The Family Diary” တွင် သရုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Channel 9 မှ ၂၀၁၉ မေလ ၂၈ ရက်နေ့တွင် ထုတ်လွှင့်ပြသခဲ့သည် ။ ထို့နောက် “အဆောင်” ဇာတ်လမ်းတွဲတွင် ဆုထက်ကဋေ၊ စဝ်ယွန်းဝတီဦး၊ ဖြိုးပပထူးတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် “ဥတုမှားတဲ့ဆောင်း” ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် MGOU မှ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ရုပ်သံဇာတ်လမ်းတွဲများ

ရင်ခွင်ရှင်းတမ်း

The Family Diary

အဆောင်

အချစ်၏နောက်ဆက်တွဲ စာမျက်နှာ