ဟင်္သာတမြင့်ငွေ

Listing Description

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အိုင်သပြုကျေရွာ ဇာတိဖြစ်သည်။ ၁၉၅၆ တွင် မိဘများနှင့်အတူ ဟင်္သာတမြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ဖခင်မှာ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ဟင်္သာတတွင် တယောဝိုင်း ထူထောင်ခဲ့သည်။ ဟင်္သာတမြို့ အထက (၁) တွင် ပညာသင်ယူခဲ့ပြီး ကဗျာကို ဝါသနာပါသူဖြစ်သည်။ ကျောင်းနံရံကပ်စာစောင်များတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဟင်္သာတမောင်မြင့်ငွေ ကလေညင်ဖြင့် ဟင်္သာတမြို့ထုတ် မဂ္ဂဇင်၊ သတင်းစာနှင့် စာစောင်များတွင်လည်းကောင်း ရန်ကုန်ထုတ် သင့်ဘဝ၊ သွေးသောက်၊ ချိုတေးသံ၊ ရုပ်ရှင်စာစောင်များတွင် လည်ကောင်း ကဗျာများ ရေခဲ့သည်။

၁၉၆၂ တွင် ရန်ကုန်သို့ ရောက်ရှိပြီး ဂီတလောကတွင် စတင် အခြေချခဲ့သည်။ လက်ဦးဆရာများမှာ ညောင်တုန်းသား စန္ဒရားချိုတေးဆက် ဦးအောင်ကိုးနှင့် ဂီတစာဆို ကိုလေးလွင်တို့ ဖြစ်ကြသည်။ မြန်မာ့အသံတွင် ပုရစ်ဖူး တေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရင်း ကာလပေါ်၊ ဓာတ်ပြားသီချင်းများ ရေးဖွဲ့သည်။