ကလောစာတိုက်ဟောင်း

Listing Description

ကလောမြို့ မင်းလမ်း အ.ထ.က(၁) ကျောင်းရှေ့တွင် တည်ရှိသည်။ ၁၉၁၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး သစ်သားအမိုးဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်သည်။ နှစ်ပေါင်းများစွာတိုင် ကလောစာတိုက်ရုံးသည် စာပို့ရထားမှတဆင့် ရောက်ရှိလာသော စာများ၊ ငွေသားနှင့် ပါဆယ်ထုပ်များ ပေးပို့လက်ခံသော အချက်အချာနေရာအဖြစ် တည်ရှိခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ပိတ်သိမ်းပြီးနောက် စာတိုက်အား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ခေတ်မီသော အဆောက်အအုံတစ်ခုသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။