အမျိုးသားအထိမ်းအမှတ်ဥယျာဉ်

Listing Description

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်နှင့် တစ်ဆက်တည်း ထိစပ်လျှက်ရှိပါသည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် အကျယ် အဝန်း ၅၆.၆၇ ဧက အား မြေယာရှုခင်း စတင်အကောင်အထည်ဖော်ဆောင်ရွက် တည်ဆောက်ခဲ့ရာ ကျပ်ငွေသန်းပေါင်း ၂၂၀၀၀ ခန့် ကုန်ကျခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဥယျာဉ်အတွင်း အလှရောင်စုံပန်း အလှပင်များနှင့် ဒေသရင်းအပင်များ ဝေဆာစွာ စိုက်ပျိုးထားသည့်အကြား ပြည်နယ်နှင့် တိုင်းများရှိ အထင်ကရ သဘာ၀နေရာများ၊ အဆောက်အအုံများကို တစ်နေရာတည်းတွင် လေ့လာမှတ်သားနိုင်ပါသည်။