ဆရာတော်အရှင်အဘယာလင်္ကာရ

Listing Description

၁၃၄၉ ခုနှစ် ၊ တော်သလင်းလဆန်း ၁ ရက်၊ (၂၄၊ ၈၊ ၁၉၈၇) တနင်္လာနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံ ရပ်ကွက် တွင် ဖွားမြင်သည်။ မိဘ နှစ်ပါးမှာ ဦးထွန်းအေးကြိုင်၊ ဒေါ်ဝင်းသိန်းနုတို့ ဖြစ်ပြီး မွေးချင်း ၄ ယောက် ရှိသည်။

၁၃၆၃- ခုနှစ်တွင် စစ်တွေမြို့၊ အေးတောရ ဆရာတော်ထံ ဥပဇ္စျာယ် ယူလျက် ရှင်သာမဏေအဖြစ်သို့ ဝင်ရောက်ပြီး ဖားအောက်တောရ၊ မဟာစည်ရိပ်သာ၊ ပဏ္ဍိတာရာမ၊ ရွှေတောင်ကုန်း ရိပ်သာ တို့တွင် တရားအားထုတ်ခဲ့သည်။

၁၃၆၅ ခုနှစ် မှ ၁၃၆၈-ခုနှစ်ထိ မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင် ကျောင်းတိုက်တွင် ပရိယတ္တိစာပေများကို ဆည်းပူးလေ့လာ ခဲ့သည်။ သကျသီဟ သာသနာလင်္ကာရ စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး ပထမဆင့်၊ ဒုတိယဆင့်တို့ကို အောင်မြင့်ခဲ့ပြီး၊ ၁၃၇၀ ခုနှစ်တွင် ရွှေပါရမီ သာသနာလင်္ကာရ အကျော်ဘွဲ့ကို ပါဠိဘာသာဖြင့် ရရှိခဲ့သည်။

၁၃၆၈ ခုနှစ်၊ တန်ခူးလဆန်း-၆ ရက်၊ သောကြာနေ့ နံနက် ၈ နာရီ ၊ ၅၃ မိနစ် အချိန်တွင် သန်လျင်မြို့ ဖားအောက်တောရ သာသနာ့ ရိပ်သာတွင် ရေဦးဆရာတော်ကို ဥပဇ္စျာယ် ပြုလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

၁၃၆၈ ခုနှစ်တွင် မှော်ဘီမြို့၊ မဟာဝိဟာရ ကျောင်းတိုက်တွင် စာချတန်းစာဝါများ၊ ပါဠိပါရဂူ စာဝါများ သင်ယူပြီး၊ သာမဏေကျော် စာဝါများ ပို့ချခဲ့သည်။

ယခုအခါ မှော်ဘီမြို့၊ မဟာဝိဟာရ ကျောင်းတိုက်ကြီး တွင် တိုက်အုပ်ဆရာတော် အဖြစ်ဖြင့်လည်းကောင်း၊လှည်းကူးမြို့၊ မဟာဝိဟာရ ကျောင်းတိုက်တွင် ပဓာန နာယက ဆရာတော် အဖြစ်ဖြင့် လည်းကောင်းပရိယတ္တိစာဝါများ ပို့ချပြီး သာသနာပြုလျက်ရှိပါသည်။

Crd မူရင်းရေးသားပူဇော်သူ