ရွှေသက်လွတ်စေတီတော်

Listing Description

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိသည်။ သက္ကရာဇ် ၇၂၉ ခုနှစ်တွင် သရက်မြို့စား မင်းရှင်စောက ရခိုင်ဘုရင်ထံမှ ပြန်လည်လွတ်မြောက်လာခဲ့သည့် အထိမ်းအမှတ်အဖြစ် ဤစေတီတော်အား တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်၏ ပုံသဏ္ဌာန်မှာ ထုထည်ကြီးမားသော ကုလားကျောင်းခံပြီး ကုလားကျောင်းအထက်တွင် စေတီတော်ကို တည်ထားခြင်းဖြစ်သည်။ မုခ်ဦး ၄ ခုပါရှိပြီး တောင်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်မုခ်များတွင် ဗုဒ္ဓဆင်းတုတော်များ ကိန်းဝပ်လျက်ရှိသည်။ ထူးခြားချက်မှာ အနောက်ဘက်မုခ်တွင် မြတ်စွာဘုရားဆင်းတုတော် တည်ထားခြင်းမပြုဘဲ မင်းရှင်စော၏ မယ်တော်ရုပ်တုကို တည်ထားခြင်းဖြစ်သည်။ ကုလားကျောင်းမှ အပေါ်ဘက်သို့ အတွင်းလှေကားမှတဆင့် တက်ရောက်နိုင်ပြီး စေတီတော်ကြီးအား နီးကပ်စွာ ဖူးမြင်နိုင်ပါသည်။