သရက်မြို့ဂေါက်ကွင်း

Listing Description

သရက်ဂေါက်ကွင်းသည် သရက်မြို့၏မြောက်ဘက် တစ်မိုင်ခန့်အကွာ ပြည်တော်အေးရပ်ကွက် တွင် တည်ရှိပြီး ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီး ၁၈၈၇ တွင် အင်္ဂလိပ်လက်ထက် အမှတ်(၁၁) ဘင်္ဂလားခြေလျင် တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆင်ဖို့စ်နှင့် စစ်အင်ဂျင်နီယာဗိုလ်ကြီး ရစ်ချက်စ်ဆာဝဲလ်တို့မှစတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကျော် စိန့်အင်ဒရူး ဂေါက်ကွင်းနှင့် ပြိုင်တူ တည်ဆောက်ခဲ့သည်ဟု ပြောစမှတ်ရှိခဲ့ပြီး သရက်ဂေါက်ကွင်းသည် ကိုးကျင်းဖြစ်ပြီး အပြန်အလှန်ကစားခြင်းဖြင့်စုစုပေါင်း ၆၉၂၅ ကိုက်ရှည်သည့် ဂေါက်ကွင်းဖြစ်သည်။ ကွင်း၏ သတ်မှတ်ရိုက်ချက် ၇၂ ချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးဂေါက်ကွင်းဖြစ်ပြီး ယခုဆိုလျှင် ဂေါက်ကွင်း၏ သက်တမ်းမှာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်သော ကွင်းတစ်ကွင်းဖြစ်သည်။