မဟာတိလောကသယမ္ဘူကျောက်တော်ကြီးဘုရား

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၂၄၈ ခုနှစ်တွင် ကျောက်တော်ကြီးဘုရားများ သီတင်းသုံးရာ ဂန္ဓကုဋိတိုက်ကြီးကို တည်ဆောက်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၂၅၉ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်တွင် အလှူရှင် ညောင်လေးပင် ဘုရားအမမယ်ကြီး(သား) မောင်လွန်းမောင်တို့က မတည်ပြီး အများစုပေါင်းလှူဒါန်းခြင်းဖြင့် ဥာဏ်တော်ခုနှစ်တောင်ရှိ ပထမဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်နေ့တွင် ပထမဘုရားကြီးအား တည်ထားခဲ့သည့် ကျောက်စာအား ကမ္ပည်းရေးထိုးခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ တန်ခူးလဆန်း ၁၀ ရက်နေ့တွင် ဘုရားဒါယကာ ဦးဘိုးဆောက်နှင့် ဒေါ်မေ တို့မှ ဥာဏ်တော် ၅ တောင် ၁ မိုက်ရှိ ဒုတိယဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့တွင် ဘုရားဒါယကာ ဦးစံလှိုင်နှင့် ဒေါ်ပွင့်တို့မှ ဥာဏ်တော် ၅ တောင် ၁ မိုက်ရှိ တတိယဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားပွဲတော်အား တပို့တွဲလဆန်း ၁၄ ရက်မှ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ထိ ၃ ရက်တိုင်တိုင် နှစ်စဉ်ကျင်းပလျက်ရှိပါသည်။