တူရကီစစ်သင်္ချိုင်း

Listing Description

တူရကီစစ်သင်္ချိုင်းသည် သရက်မြို့၏မြောက်ဘက် ပြည်တော်အေးရပ်ကွက်တွင် တည်ရှိပါသည်။ ပထမကမ္ဘာစစ် အတွင်းက ဗြိတိသျှတို့သည် စစ်သုံ့ပန်း ၁၂ဝဝဝ ကို မြန်မာနိုင်ငံတွင်ထားရှိခဲ့ရာ ၁၉၁၇ ခုနှစ်တွင် သရက်မြို့၌ စစ်သုံ့ပန်း ၃၅ဝဝ ရှိခဲ့သည်။ ယင်းတို့ အနက် အများစုသည် တူရကီလူမျိုးများဖြစ်ကြ ပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၁ဝဝဝ ကျော်ရှိခဲ့ကာ သရက်မြို့ တူရကီစစ်သင်္ချိုင်းတွင် စစ်သည်တစ်ဦးချင်းစီ၏အမည်များ ရေးထိုးထားသည့် အထိမ်းအမှတ်အုတ်ဂူ ၂၂၂ ခု ရှိပါသည်။ ၂၀၁၂ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ သရက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် တူရကီသံရုံးတို့က တာဝန်ယူထိန်းသိမ်းလျက် ရှိသည်။