ရွှေစည်းခုံစေတီ (ပုသိမ်)

Listing Description

ရွှေစည်းခုံစေတီ (ပုသိမ်)သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်တည်ရှိပါသည်။ ကောဇာသက္ကရာဇ် ၁၂၀၄တွင် ပုသိမ်မြို့ဝန်မင်းကြီး မဟာမင်းလှကျော်နှင့် ဝန်ကတော်တို့က သီဟိုဠ်အရှင်သုနန္တာနှင့် အရှင်ဓမ္မရက္ခိတမထေရ် နှစ်ပါးတို့ ပေးသော သီရဓာတ်တော်(၇)ဆူနှင့် ရတနာများဌာပနာပြီး ဖိနပ်တော် ၁၂၀ တောင်၊ ဉာဏ်တော် ၉၀ တောင်နှင့် နှစ်မိုက်ရှိ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ရွှေစည်းခုံစေတီတော်၏ မြောက်ဖက်တွင် အရှေ့ဘက်သို့ မျက်နှာမူကာ ကိန်းဝပ်စံပါယ်တော်မူနေသည့် ဆယ်ထပ်ကြီး ရုပ်ပွားတော် ရှိပါသည်။ ထိုဆယ်ထပ်ကြီးရုပ်ပွားတော်မှာ ၁၉၁၀ခုနှစ်တွင် ပွဲစားကြီးဦးရိပ်မှ ပြုပြင်မွမ်းမံကာ သံတန်ဆောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းသည်ကို အစွဲပြုပြီး ဦးရိပ်ကြီးဘုရားဟု လူသိများသည်။