စော်ကဲမြစ်ကူးတံတား ၉၈ ရာခိုင်နှုန်းတည်ဆောက်ပြီးစီး မော်လမြိုင်ကျွန်းမှ လပ္ပတ္တာမြို့သို့ သုံးနာရီဖြင့် သွားရောက်နိုင်တော့မည်

Listing Description

မော်လမြိုင်ကျွန်း စက်တင်ဘာ၂၄

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့ မှ ပုသိမ်မြို့သို့ တိုက်ရိုက်ဆက်သွယ် သွားလာရာတွင် အရေးပါသော မော်လမြိုင် ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတားကို တည်ဆောက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက်အထိ စော်ကဲမြစ်ကူးတံတား တည်ဆောက်ပြီးစီးမှုမှာ ၉၈ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။

လက်ရှိသွားလာနေရသော မအူပင်- ပုသိမ်ခရီးစဉ်တွင် မအူပင် ရေနံမြေကို ပတ်၍သွားလာနေရသဖြင့် ပုသိမ်မြို့အထိ အချိန် ၇ နာရီကြာပြီး မိုင်အားဖြင့် မိုင် ၁၅၀ ကွာဝေးလျက်ရှိသည်။

အဆိုပါ စော်ကဲမြစ်ကူးတံတားမှ မြောင်းမြမြို့အထိ ၂ နာရီခန့်၊ မြောင်းမြမြို့ မှ လပွတ္တာမြို့အထိ ၁နာရီ ၁၅ မိနစ်သာ သွားရတော့မည်ဖြစ်ရာ မော်လမြိုင်ကျွန်း မြို့နယ်မှ ခရီးသွားပြည်သူများ ပင်လယ် ရေကြောင်းခရီးမှ ဖြတ်သန်းသွားရန် မလိုတော့ဘဲ လပွတ္တာမြို့သို့ အချိန် ၃ နာရီဖြင့် အရောက်သွားရောက်နိုင်တော့မည်ဖြစ်သည်။

ယင်းမော်လမြိုင်ကျွန်းမြို့နယ် စော်ကဲ မြစ်ကူးတံတားမှာတံတားအရှည်ပေ ၂၄၆၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်သုံးပေစီ၊ ရေလမ်း ကင်းလွတ်အမြင့်ပေ ၄၀ နှင့် ရေလမ်း ကင်းလွတ်အကျယ်ပေ ၂၄၀ ရှိပြီး သံမဏိ သံပေါင်တံတား အမျိုးအစားဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရေး အတွက် တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့ (၂)ညောင်ဦးကစော်ကဲမြစ်ကူး တံတားမကြာမီရာနှုန်းပြည့်တည်ဆောက် ပြီးစီးစေရေးအတွက် နေ့ရောညပါ ကြိုးပမ်း တည်ဆောက်လျက်ရှိနေ သည်။

မော်ကျွန်းမြင့်အောင်