ညံတောဘုရားကြီး

Listing Description

ပြင်ဦးလွင်မြို့ အရှေ့မြောက် ညံတောရပ်ကွက်တွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး ကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု ယူဆကြသည်။ မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ် (အေဒီ ၁၈၉၁) တွင် ကျွဲကျောင်းသားများက စေတီတော်တစ်ဆူနှင့် ရေကန်တစ်ကန်ကို ချုံများဖုံးလျက် တွေ့ရှိခဲ့ကြပြီး ရေချမ်းအိုး(မြောက်)ရွာဆရာတော်အား အမှူးထား၍ ရေချမ်းအိုးရွာသူရွာသားများက ချုံနွယ်များရှင်းလင်းကာ ဉာဏ်တော် သံတောင် ၃၅ တောင်ခန့် (၅၅ ပေ) စေတီအဖြစ် မူလစေတီကိုငုံ၍ "မဟာရွှေမြင်တင်စေတီတော်"ဘွဲ့ဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၈ ရက်မှ လပြည့်နေ့အထိ စည်ကားစွာ ကျင်းပပါသည်။