ငွေဆောင်ဆင်စခန်း

Listing Description

ငွေဆောင်ဆင်စခန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်-ငွေဆောင် ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၉/၀ ရေသိုးရွာအနီးရှိ ချောင်းသာကြိုးဝိုင်း အကွက်အမှတ် ၅၅ နှင့် ၆၁ တွင် တည်ရှိသည်။ ငွေဆောင်ကမ်းခြေမှ ဆင်စခန်းသို့ မော်တော်ယာဉ်ဖြင့် ၄၅ မိနစ်ခန့်မောင်းနှင်၍ သွားရောက်လည်ပတ်နိုင်ပါသည်။ အဆိုပါ ဆင်စခန်းတွင် ဆင်များကို သဘာဝအတိုင်း လေ့လာကြည့်ရှုနိုင်ကာ ကိုယ်တိုင်အစာကျွေးနိုင်ပြီး၊ စမ်းချောင်းထဲတွင် ဆင်များကို ကိုယ်တိုင်ရေချိုးပေးနိုင်သဖြင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိပါသည်။