ရွှေမုဋ္ဌောစေတီ

Listing Description

ရွှေမုဋ္ဌောဘုရား သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့လယ် ဈေးအနီးတွင် တည်ရှိပါသည်။ မြေပေါက်စေတီဖြစ်သည့်ပြင် ပုသိမ်မြို့၏ အထင်ရှားဆုံးဘုရား ဖြစ်ပါသည်။ စေတီတော်သမိုင်းအဆိုအရ ရွှေမုဋ္ဌောဘုရားကို သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် သီရိဓမ္မာသောကမင်း တည်သည်ဟုဆိုပါသည်။ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းကိုးကွယ်လာခဲ့ရာ ယခုတည်ရှိသည့်အတိုင်း ဖြစ်သော မြေမှ ခရားသီးအဆုံးထိ ၇၇ တောင်၊ ထီးရပ် ၂၃ တောင်၊ နှစ်ရပ်ပေါင်း တစ်ရာ၊ လုံးပတ် တော် ၂ဝ၇ တောင်နှင့် ဖိနပ်တော် ၂၇၂ တောင် အသီး အသီး ရှိသော ဉာဏ်တော်၊ လုံးဝန်းပမာဏတော်တို့ကို ဆောင်စေလျက် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငွေထီးတော်အပြင် ရတနာ အပေါင်းဖြင့် စီခြယ်အပ်သော ရွှေသားငှက်မြတ်နားတို့ဖြင့် ခမ်းနားထည်ဝါ ကြည်ညိုဖွယ်ရာ တိုးမြှင့် တည်ထားသည့် စေတီဖြစ်ပါသည်။