ကင်းတားဘက်စုံရေလှောင်တမံ

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၏ အရှေ့တောင်ဘက် ၂၁ မိုင်အကွာ ပန်းလောင်မြစ်ပေါ်တွင် တည်ရှိပါသည်။ ကင်းတားရေလှောင်တမံ၏ ရေသိုလှောင်ပမာဏမှာ ၈၇၃၅၈၀ ဧကဖြစ်ပြီး ရေပေးဝေနိုင်သည့် လယ်မြေဧက ၁၄၇၂၇၁ ဧက ဖြစ်ပါသည်။ အနော်ရထာမင်းလက်ထက်မှစ၍ ကျောက်ဆည်ခရိုင်အတွင်း ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်တို့တွင် ရေလွှဲဆည်များတည်ဆောက်ကာ ဆည်ရေသောက်စနစ်ဖြင့် စပါးအပြင် အခြားသီးနှံများကို စိုက်ပျိုးနိုင်ခဲ့ပါသည်။ ထို့ပြင် ကင်းတားရေလှောင်တမံတွင် ကျယ်ပြန့်သော ရေပြင်ကျယ်ကြီးနှင့် တမံ၏ပတ်လည်တွင် တောင်ကုန်းတောင်တန်းများဖြင့် သာယာလှပသည့်အတွက် မြစ်သားမြို့သို့ရောက်လျှင် ကင်းတားရေလှောင်တမံသို့ မဖြစ်မနေ သွားရောက်လေ့လာ ကြည့်ရှုသင့်ပါသည်။

ဆက်စပ်ဖတ်ရှုရန်