ရွှေကူမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေး

Listing Description

ရွှေကူ   နိုဝင်ဘာ   ၈

ကချင်ပြည်နယ်   ရွှေကူမြို့နယ်တွင်   ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆  နာရီမှစ၍  မဲဆန္ဒရှင်ပြည်သူများက  သက်ဆိုင်ရာမဲရုံများတွင် လာရောက်  ဆန္ဒမဲ များ ပေးခဲ့ကြသည်။

ရှေးဦးစွာ မဲရုံများတွင် သက်ဆိုင်ရာ မဲရုံ တာဝန်ရှိသူများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာ ပြီး ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊  စောင့်ကြည့်လေ့လာသူများနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မဲပုံးအလွတ် ဖြစ်ကြောင်းပြသပြီး ဆန္ဒမဲပုံးများကို လုံခြုံရေး ကြိုးများဖြင့် ချိပ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ သည်။  ယင်းနောက်  မဲဆန္ဒရှင်ပြည်သူများက မိမိနှစ်သက်သော ပါတီကိုယ်စားလှယ်လောင်း ၏ ဆန္ဒမဲများကို လျှို့ဝှက်စွာ ဆန္ဒပြုခြင်းများ ပြုလုပ်သည်။

လမ်းညွှန်ချက်များနှင့်အညီ

ရွှေကူမြို့နယ်တွင်    မဲဆန္ဒရှင်ပြည်သူများ ကောင်းမွန်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံ ပေါင်း ၅၄ ရုံကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏     လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားရှိကာ မဲရုံ ဝန်ထမ်းပေါင်း ၁၀၂၀ အား       တာဝန်ချဆောင်ရွက်လျက်ရှိကြောင်း နှင့်  ၂၀၂၀  ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅၆၈၈ ဦးရှိပြီး ဆန္ဒမဲပေးနိုင်သော မသန်စွမ်းဦးရေ ၁၈၉ ဦး ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင်   ရွှေကူမြို့နယ်မှ  ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီအရေအတွက် ခုနစ်ပါတီရှိပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး၊ ပြည်နယ် လွှတ်တော်-၁  ငါးဦး၊ ပြည်နယ်လွှတ်တော်-၂ ငါးဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး    ဝင်ရောက်ယှဉ်ပြိုင်ကြောင်း    မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ     သိရသည်။

 မြို့နယ်(ပြန်/ဆက်)