ကချင်ပြည်နယ် ရွှေကူမြို့နယ် မဲဆန္ဒရှင်များ မိမိတို့အိမ်၌ မဲရလဒ်များကို စောင့်ကြည့်ခဲ့ကြ

Listing Description

ရွှေကူ နိုဝင်ဘာ ၉

ကချင်ပြည်နယ် ရွှေကူမြို့ရှိ မဲရုံအသီးသီး၌ နိုဝင်ဘာ ၈ ရက်က ပြည်သူများ တစ်ခဲနက်ဆန္ဒမဲများ လာရောက်ထည့်ပေးကြပြီး မဲရလဒ်များကို မိမိတို့ နေအိမ် များ၌ လက်ကိုင်ဖုန်းများ၊ ရုပ်မြင်သံကြားတို့မှ စောင့်မျှော်ကြည့်ရှုခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများက ကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ မဲရုံများတွင် စနစ်တကျ တန်းစီကာ မဲပေးခဲ့ကြပြီးနောက် ညဦးပိုင်းတွင် လူစုလူဝေး စည်းရုံး အောင်ပွဲခံခြင်းများကို မပြုလုပ်ခဲ့ကြဘဲ မိမိတို့ နေအိမ်များ၌သာ စောင့်စား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လဘန်အောင်(ကချင်မြေ)