ရွှေဘိုဆောင်

Listing Description

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းအနောက်ဘက် ဂျပ်ဆင်လမ်းတွင် တည်ရှိသည်။ ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခင်က နော့ဟော၊ ဂျပ်ဆင်ဆောင်၊ ဥတ္တရဆောင်ဟု ခေါ်တွင်ခဲ့သည်ဟု သိရသည်။ ယခုအခါ ယင်းရွှေဘိုဆောင်သည် ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။