မဟာနန္ဒာကန်တော်

Listing Description

မဟာနန္ဒာကန်တော်သည် ရွှေဘိုမြို့ မြောက်ဘက်နှစ်မိုင်ခန့်အကွာ၌ တည်ရှိပြီး အလောင်းမင်းတရား ဆည်ဖို့ခဲ့သည့်ကန်ဖြစ်သကဲ့သို့ မြို့နေပြည်သူများ အနားယူအပန်းဖြေသည့် သာယာလှပသော နေရာတစ်ခုလည်းဖြစ်သည်။ အလောင်းမင်းတရားကြီး၏ မြို့တည်နန်းတည် ခုနှစ်ဌာနတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ အကျယ်အဝန်းအားဖြင့် ၃၆ ဧကကျယ်ဝန်းပြီး ယခုအခါ ကင်းတပ် ရေလွှဲတမံ လက်ဝဲ တူးမြောင်းမှတစ်ဆင့်ကန်အတွင်း ရေသွင်းယူပြီး ရွှေဘိုမြို့လူထုသောက်သုံးရေအတွက် နေ့စဉ်ရေဂါလံသိန်း၂ဝခန့် ပေးဝေလျက်ရှိကြောင်း သိရသည်။