ရွှေဘုန်းပွင့်စေတီ (ကံ့ကော်ကျွန်း)

Listing Description

ရွှေဘုန်းပွင့်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၏မြောက်ဘက် ၃ မိုင်ခန့်အကွာ စခန်းကြီးကျေးရွာ ကံ့ကော်ကျွန်းတောရဓမ္မရတနာ မဟာစည်သာသနရိပ်သာဝန်းအတွင်း တည်ရှိပါသည်။ စေတီတော်ကို လွန်ခဲ့သော နှစ်ပေါင်း ၉၅၀ ကျော်ခန့်က သန်လျင်မင်းကြီး ဓမ္မရာဇာ၏သားတော် ဘာမတမင်းမှ ဗုဒ္ဓမြတ်စွာ၏ သရီရဓာတ်တော် ၃၂ ဆူကို ရွှေကြုတ်တွင် ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုပါသည်။