အောင်သုခရွှေပြည်အေး မြတ်စွာဘုရားကြီး

Listing Description

အောင်သုခရွှေပြည်အေး မြတ်စွာဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း ၁၅ မိုင် ၇ ဖာလုံတွင် တည်ရှိပါသည်။ ဘုရားကြီးရှိ ကမ္ဗည်းမော်ကွန်းမှတ်တမ်းကျောက်စာအရ အောင်သုခရွှေပြည်အေး တောရဓမ္မရိပ်သာပဓာန နာယကဆရာတော် ဥူးအာဒိစ္စ မှအိပ်မက်အရတည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ မြန်မာသက္ကရာဇ် ၁၃၆၁ ခုနှစ် တပို့တွဲလဆန်း ၇ ရက် သောကြာနေ့တွင် ဆရာတော် ဦးအာဒိစ္စမှဦးစီးကြီးကြပ်၍ ပင့်သံဃာ ၉ ပါးနှင့်တကွ ရပ်ဝေးရပ်နီးမှ ၇ ရက်သားသမီးများနှင့် အောင်မြင်စွာ အုတ်မြစ်တော် စီခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် တပေါင်းလဆန်း ၆ ရက် တနင်္လာနေ့တွင် အလှူရှင် ဦးထွန်းလှိုင်နှင့် ဒေါ်ခင်နှင်းဝါ မိသားစုမှ လှူဖွယ်ပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ရာ ဘုရားတည်ဆောက်ရေးလုပ်ငန်း စတင်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် တပို့တွဲလဆန်း ၁၃ရက် တနင်္ဂနွေနေ့တွင် ဘုရားကြီးအပြင်ပိုင်းတည်ဆောက်မှု ပြီးစီးသဖြင့် ဆရာတော်သံဃာတော် ၁၄၄ ပါးတို့ကိုပင့်ဖိတ်ကာ လှူဖွယ်ဝတ္တုအစုစုတို့ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပြီး ရေစက်ချလှူဒါန်းခဲ့ပါသည်။ ကျန်ရှိနေသေးသော အတွင်းပိုင်းအချောသတ်ခြင်း လုပ်ငန်းများအားလုံးကို ၇ ရက်သားသမီး ဘုရားဖူးပရိသတ်များ အလှူရှင်များ၏ လှူဒါန်းမှုအစုစုဖြင့် မဟာဆုတောင်းပြည့် အောင်သုခ ရွှေပြည်အေးဘုရားကြီးအား မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် တပို့တွဲလဆန်း ၁၃ရက် ကြာသာပတေးနေ့တွင် ပထမအကြိမ်ဗုဒ္ဓပူဇနိယပွဲတော်ကို ဆရာတော်သံဃာတော်အပါး ၉၀ တို့မှ စုပေါင်းပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲဆင်ယင်ကျင်းပကာ တည်ထားကိုးကွယ်ခဲ့ကြပါသည်။