ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအား ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား(ဒါးပိန်-သပြု)ဖွင့်ပွဲကျင်းပ

Listing Description

ရန်ကုန် နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီး ကဝမြို့

နယ် သပြု- ရှမ်းကံ- ကဝလမ်းအား ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

ရှေးဦးစွာ ပဲခူးမြစ်ကူးတံတား (ဒါးပိန်- သပြု) ဖွင့်ပွဲ အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်( ကိုယ်စား)စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က အမှာ စကားပြောကြားသည်။

ယင်းနောက် လှည်းကူးမြို့နယ် ဒါးပိန်ကျေးရွာနှင့် ကဝမြို့နယ် သပြုကျေးရွာတို့မှ ဒေသခံတစ်ဦးစီက ကျေးဇူး တင်စကားပြောကြားသည်။

ထို့နောက် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု )ကျောက်စာကို ရန်ကုန်တိုင်းဒေသကြီးဘက်ခြမ်း၌ ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီးဘက် အခြမ်း၌ ဝန်ကြီး ဦးညွန့်ရွှေတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုသည်။

အဆိုပါတံတားအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်၌ စတင်တည်ဆောက်ခဲ့ပြီး အရှည်ပေ ၁၀၅၀၊ ယာဉ်သွား လမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေ သုံးလက်မစီပါဝင်သည့် နှစ်လမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ကုန်ကျမှုတန်ဖိုးမှာငွေကျပ် သန်း ၅၈၀၀ ဖြစ်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား အထူးအဖွဲ့(၁၀)က တာဝန်ယူတည်ဆောက်ခြင်း ဖြစ် ကြောင်း သိရသည်။

ထို့နောက် လှည်းကူးမြို့နယ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တံတား အထူးအဖွဲ့ ၁၀ မှတာဝန်ယူ တည်ဆောက်သည့် ဂျုံးဂျုံးကျ - ဘိုရင်ကလေး နှင့် ဘိုရင်ကလေး - ကင်ပွန်းခြုံ ကျေးရွာ ချင်းဆက် ငမိုးရိပ်ချောင်းကူးတံတား နှစ်စင်းတည်ဆောက် ပြီးစီးမှုနှင့် မြေသားလမ်းများ ကွန်ကရစ်လမ်းခင်းမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်

သည့် အရှည်ပေ ၉၈၀၀ ၊ အကျယ် ၁၂ ပေရှိ စာဘူးတောင်း ရွာလယ်လမ်းမကြီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကမ္ပည်းကျောက်စာမော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကြကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက်