မစိုးရိမ်ကျောင်းတိုက်(တိုက်သစ်)

Listing Description

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက် (တိုက်ဟောင်း) ၏ တောင်ဘက်၊ သင်္ဂဇာချောင်း တစ်ဖက်ကမ်းထိပ်၌ တည်ရှိသည်။ ကျောင်းတိုက်ကို ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မန္တလေးမြို့၌ အကြီးဆုံးသော ပရိယတ္တိစာသင်တိုက်ကြီးဖြစ်ကာ ကမ္ဘာပေါ်တွင်လည်း စာသင်သားသံဃာအများဆုံးသော ကျောင်းတိုက် ဖြစ်သည်။ ဦးဆောင်နာယကဆရာတော်များက စီးမံအုပ်ချုပ်ကာ နေ့စဉ် ပိဋကတ်စာပေများကို သင်ကြားပို့ချ လျက်ရှိသော ကျောင်းတိုက်ကြီး ဖြစ်သည်။