ညိုမြတို့ရွာစာကြည့်တိုက်

Listing Description

ညိုမြတို့ရွာစာကြည့်တိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့မှ အနောက်ဘက် ၇ မိုင်ခွဲအကွာ၊ ချင်းတွင်းမြစ်ကမ်းပေါ်၌တည်ရှိသော အမြင့်ကျေးရွာ (အမြင့်မြို့ဟောင်း) တွင်တည်ရှိပါသည်။ သတင်းစာ ဆရာ အိုးဝေဦးညိုမြကို ဂုဏ်ပြုသောအားဖြင့် "ညိုမြတို့ရွာစာကြည့်တိုက်"ဟု အမည်ပေးထားပါသည်။ ဆရာဦးညိုမြကို ၁၉၁၄ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့တွင် အမြင့်မြို့၊ သောတာ ပန်ရွာ၌ အဖ ရှေ့နေဦးသာစံ၊ အမိ ဒေါ်အံ (ဒေါ်ရွှေအံ)မှ ဖွားမြင်ခဲ့သည်။ မြို့ဂုဏ်ဆောင်များဖြစ်ကြသော သတင်းစာဆရာ အိုးဝေဦးညိုမြ (၁၉၁၄- ၁၉၈၅)၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့် သခင်လေးမောင်(၁၉၁၀- ၁၉၉၀)၊ အရီးတောင်း လက်ဖက်လုပ်ငန်းရှင် ဦးကျော်သိန်း(၁၉၂၄-)တို့၏ ဦးခေါင်းပိုင်းရုပ်တုနှင့် ကိုယ်ရေးအကျဉ်း ကျောက်စာတိုင်သုံးခုကို ယင်းစာကြည့်တိုက်ရှေ့တွင် စိုက်ထူထားရှိပါသည်။ စာကြည့်တိုက်သည် အုတ်ကာ သွပ်မိုးတစ်ထပ်အဆောက်အအုံဖြစ်ပြီး ထိုစာကြည့်တိုက်တွင် ရှားပါးစာမူများ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာရေးဆရာကြီးများ၏ လက်ရေးမူများနှင့် သတင်းစာ ဆရာကြီး ဦးညိုမြ စုဆောင်းခဲ့သည့် သတင်းစာနှင့် စာပေ များကို လေ့လာနိုင်ပါသည်။ စာကြည့်တိုက်အတွင်း၌ မင်းတုန်းမင်း၏ သက်တော်ရှည် အမတ်ကြီးဖြစ်သူ အမြင့်မြို့ကို စားခဲ့ရသည့် မင်းလက်ဝါးပုံကို ချိတ်ဆွဲပြသထားပါသည်။ ညိုမြတို့ရွာစာကြည့်တိုက်သည် သမိုင်းသုတေသနပြုရန် ရောက်လာကြသော ပြည်တွင်း ပြည်ပပညာရှင်များ ဝင်ရောက်လေ့လာနားခိုရာ ဘူမိနက်သန်တစ်ခုဖြစ်ပါသည်။