ရှင်ပင်မုနိမဟာရံသီဘုရား

Listing Description

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် တည်ရှိသည့် မြို့ကျက်သရေဆောင် သမိုင်း၀င်ဘုရားကြီး ဖြစ်ပါသည်။ ကောဇာသက္ကရာဇ် ၁၁၂၄ ခုနှစ်တွင် အလောင်းမင်းတရားကြီး၏သားတော် နောင်တော်ကြီးမင်းသားက ချင်းတွင်းမြစ်မှ ဧရာဝတီမြစ်အတွင်းသို့ မျှောပါလာသည့် အတောင် ၈၀ ကျော်ရှိသည့် ကျွန်းတုံးကြီးအား ဆယ်ယူ၍ အတောင် ၈၀ ရှိ မတ်ရပ်ရုပ်ပွားတော်ကြီး တည်ထားခဲ့ပါသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ရုပ်ပွားတော်မြတ်ကြီးအား ကပ်လှုပူ‌ဇော်ထားသော ဆီမီးမှ ထီးဖြူရုံအား မီးစွဲလောင်လေရာ ရုပ်ပွားတော်ကြီး၏အပေါ်ပိုင်း မီးလောင်ကျွမ်းခဲ့ပြီး အတောင်၂၀ မျှသာ ကျန်ရှိခဲ့သည်။ ထို့ကြောင့် ဘကြီးတော်မင်းတရား၏ ကွမ်းရည်တော်ဆက်များဖြစ်သော ဦးမြတ်မွှေး၏ဇနီး ဒေါ်နှင်းရင်နှင့် မိခင်ဒေါ်မင်းရင်တို့မှ ရွှေချိန် ၂၅ ကျပ်သား မတည်လှူဒါန်းလျက် ကြွင်းကျန်ခဲ့သော အတောင် ၂၀ ရုပ်ပွားတော်မြတ်အား ယနေ့ဖူးမြင်တွေ့နေရသော "ရှင်ပင်မုနိမဟာရံသီရုပ်ရှင်တော်မြတ်ကြီး"အဖြစ် ပြန်လည်ထုလုပ်ပြင်ဆင် ကိုးကွယ်ခဲ့ပါသည်။