ကာတွန်း (ဦး) မြေဇာ ကွယ်လွန်

Listing Description

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ကာတွန်း(ဦး) မြေဇာသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်ညတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ သူ၏နေအိမ်တွင် လူကြီးရောဂါဖြင့် ဆုံးပါးသွားခဲ့ပါသည်။

ကာတွန်းမြေဇာကို ၁၉၄၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့တွင် မွေးဖွားခဲ့ပြီး နာမည်ကျော် ကာတွန်း ဇာတ်ကောင်များဖြစ်ကြသည့် “စိန်မျောက်မျောက်၊ စိန်ပေါက်ပေါက်” ၊ “နှင်းနှင်းလေးနဲ့ ရေမြင်းလေး” စသည့် ကာတွန်းဇာတ်ကောင်များကို ဖန်တီးရေးဆွဲခဲ့သူဖြစ်ပါသည်။ ရန်ကုန်ပန်းချီပန်းပု ကျောင်းဆင်းတဦးဖြစ်ပြီး မန္တလေး လူထုတိုက်မှ သတင်းစာပညာနှင့် စာပေပညာရပ်များ သင်ကြားခဲ့ကာ ၁၉၆၈ ခုနှစ်မှာ ကြေးမုံသတင်းစာ၌ ကာတွန်းများ စတင်ရေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ကိုယ်ပိုင်ကာတွန်းရေးဟန်များဖြင့် ကာတွန်းအမြောက်အများ ရေးဆွဲအောင်မြင်ခဲ့သူဖြစ်သည်။