ဝက်သည်းကန် (စလင်းမြို့)

Listing Description

ဝက်သည်းကန်ကြီးသည် စလင်းမြို့၏ အနောက်ဘက်တွင်ကပ်၍ တည်ရှိသည်။ ဤဝက်သည်းကန်ကြီးကို သက္ကရာဇ် ၁၁၉၄ ခုနှစ် ကောဇာသက္ကရာဇ် ၅၅၆ ခုနှစ်တွင် ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးက စလင်းမြို့ကို တိုင်းခန်းလှည့်လည်လာစဉ် မင်းကြီး၏မိဖုရားငယ် ရှင်စောဝက မင်းကြီးထံ ခွင့်တောင်း၍ တူးဖော်ပေးခဲ့သောကန်ကြီးဖြစ်သည်။ ထိုကန်တော်ကြီးကို လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်မှ စတင်၍ နိုင်ငံတော်အစိုးရက သားငှက်ဘေးမဲ့ကြိုးဝိုင်းအဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည်။ ကန်၏ရေပြင်အကျယ်မှာ ၁.၇စတုရန်းမိုင်ခန့်ရှိပြီး ကန်ကြီးအတွင်းတွင်လည်း သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော် တည်ရှိပါသည်။