မဟာသယမ္ဘူစေတီ

Listing Description

ကျောက်ပန်းတောင်းမြို့၊ အလယ်ရွာ၊ ပြည်တော်သာရပ်ကွက်တွင် တည်ရှိသည်။ ညောင်ရမ်းခေတ် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး နောက်ပိုင်း နှစ်ကာလကြာမြင့်လာသောအခါ ယိုယွင်းပျက်စီးလာသဖြင့် ရှေးမူမပျက် ပြန်လည်တည်ထားသော စေတီတော်ကြီးဖြစ်သည်ဟုသိရပါသည်။ "ဘုရားနီဘုရား"ဟုလည်း ဘွဲ့အမည်ခေါ်တွင်ကြပါသည်။