ရန်ကုန်တိုင်းတရားရုံး (တရားမ)

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၁) တွင် တည်ရှိသည်။ AC Martin & Co. ကန်ထရိုက်မှတာဝန်ယူ၍ ၁၉၀၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၇ ခုနှစ်တွင် ပြီးစီးခဲ့ကာ စာရင်းကိုင်ရုံးချုပ်နှင့် ငွေကြေးဌာနအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတရားရုံး (တရားမ)အဖြစ် ဖွင့်လှစ်ထားရှိပြီး ယင်းအဆောက်အအုံကိုလည်း ရန်ကုန်မြို့ပြရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ထားသည်။