မြန်မာ့စီးပွားရေးဘဏ်ခွဲ (၃)

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်၊ အမှတ် (၁၅/ ၁၉) တွင် တည်ရှိသည်။ ၁၉၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဘင်္ဂလားဘဏ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အိန္ဒိယအင်ပါယာဘဏ် ဖြစ်လာခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင်သိမ်းပြီးနောက် "ပြည်သူ့ဘဏ် (၈)"  ဖြစ်လာခဲ့သည်။ ယခုအခါ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၃) အဖြစ်ဖွင့်လှစ်ထားပြီး ယင်းဘဏ်အဆောက်အအုံမှာလည်း ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။