မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ

Listing Description

မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၈၀/ ၈၆)၊ မဟာဗန္ဓုလပန်းခြံလမ်းတွင် တည်ရှိပြီး ဘားလမ်းမွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံဟု လူသိများပါသည်။ ယင်းဆေးရုံသည် ဗြိတိသျှခေတ် ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ဆေးပေးခန်းအဖြစ် ဒေသခံမွတ်စလင်လူငယ်အချို့မှ စတင်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် အထူးကုဆရာဝန်များဖြင့် ခွဲစိတ်ဌာန၊ သားဖွားဌာန၊ မီးယပ်ရောဂါကုဌာန၊ မျက်စိရောဂါကု ဌာနနှင့် စိတ်ရောဂါကု ဌာနတို့ အသီးသီး ဖွင့်လှစ်ကာ ဆေးကုသရန် မတတ်စွမ်းနိုင်သော ဆင်းရဲနွမ်းပါးသူများကို ငွေကြေးနည်းနည်းနှင့် သက်သက်သာသာ ကုသပေးလျက်ရှိသည်။ ဆေးရုံအမည်မှာ မွတ်စ်လင်ဆေးရုံဖြစ်သော်လည်း လူမျိုးဘာသာမရွေး ဆေးကုသရန်အခက်ခဲရှိသူများ အခမဲ့တက်ရောက်ကုသနိုင်ရန် ကုသိုလ်မျှော်မှန်း၍ တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-10-27 09:30:17

အကြံပြုခြင်း

I wish you all the best and more success