ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး

Listing Description

ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး (IWT)သည် အမှတ် (၅၀)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့လယ်တွင် တည်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အဆောက်အအုံသည် ကိုလိုနီခေတ် ဗိသုကာလက်ရာ အဆောက်အအုံဖြစ်ပြီး ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ စာရင်းဝင် ဖြစ်သည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မူလ အဖွဲ့အစည်းမှာ "IRRAWADDY FLOTILLA CO.,LTD" ဖြစ်ပြီး၊ ၁၈၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇွန်လ၊ ၁ ရက်နေ့တွင် ကုမ္ပဏီအား ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး "ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် လည်းကောင်း၊ ၁၉၇၂ ခုနှစ်၊ မတ်လ၊ ၁ ရက်နေ့တွင် "ရေကြောင်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း" အမည်ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့တွင် "ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး" အမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။