လွတ်လပ်ရေးကျောက်တိုင်

Listing Description

လွတ်လပ်ရေးကျောက်တိုင်သည် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်းတွင် တည်ဆောက်ထားသည့် သမိုင်းဝင် လွတ်လပ်ရေးကျောက်တိုင် ဖြစ်ပါသည်။ လွတ်လပ်ရေးကျောက်တိုင်ကို ၁၉၄၈ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၈နာရီတွင် အုတ်မြတ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ပါသည်။ လွတ်လပ်ရေးကျောက်တိုင်၏ အမြင့်ပေမှာ ၁၅၀ ပေ ဖြစ်ပြီး ဘေးပတ်လည်၌ ကျောက်တိုင်ငယ်ငါးခု ခြံရံလျက်ရှိသည်။ ကျောက်တိုင်၏ ဘေးပတ်လည်တွင် လွတ်လပ်ရေးကြေညာစာတမ်းကို မော်ကွန်းထိုးရေးသားထားပြီး ကျောက်တိုင်အခြေပတ်လည်၌ ခြင်္သေ့ရုပ် ၁၀ရုပ် ဝန်းရံစောင့်ကြပ်နေသည့် ပုံစံထုလုပ်ထားပါသည်။ ထိုကျောက်တိုင်ကို ပုံစံထုတ်ရေးဆွဲသူမှာ အင်ဂျင်နီယာ ဦးအုန်းကြိုင်(မြန်မာ့ပက္ခဒိန်သုတေသနစာအုပ်ပြုစုသူ) ဖြစ်ပြီး တာဝန်ယူတည်ဆောက်သူမှာ ဗိသုကာ စည်သူဦးတင်ဖြစ်ပါသည်။