Royal Kalaw Hill Resort

Listing Description

ကလောမြို့၊ ရပ်ကွက် (၃)၊ အရှေ့မြို့ပတ်လမ်း၊ အမှတ် (၃/၄) တွင် တည်ရှိသည်။ အထက်တန်း တရားသူကြီး ဆာဝီလျံကားရ် (၁၈၇၂-၁၉၄၉)နှင့် ဇနီး ဒေါ်ခင်ညော်(၁၈၇၈-၁၉၅၀)တို့က အားလပ်ရပ်များနှင့် အငြိမ်းစားယူသည့်အခါ နေထိုင်ရန်အတွက် ၁၉၂၈ ခုနှစ်တွင် “The Grey House” အမည်ဖြင့် ယခုဟိုတယ်၏ ပင်မအဆောက်အအုံကို တည်ဆောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဆာဝီလျံ၏ လေဖြတ်ရောဂါဝေဒနာကြောင့် ထိုအိမ်ကြီးအား သိန္နီစော်ဘွားကြီးထံ ရောင်းချခဲ့သည်။ ယခုအခါ ယင်းအဆောက်အအုံကို ဖြူစင်ကုမ္ပဏီလီမိတက်မှ ပိုင်ဆိုင်ပြီး Royal Kalaw Hills Resort အဖြစ် တည်ရှိလာခဲ့သည်။