ဝမ်းတွင်းဂူ

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့မှ ၁၂ မိုင်ခန့်အကွာ ကျောက်ငှက်ကျေးရွာအနီးတွင် တည်ရှိပါသည်။ လိုဏ်ဂူအရှည်ပေ ၅၀၀ ခန့်ရှိပြီး သဘာဝ ကျောက်စက်ပန်းဆွဲများဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော လိုဏ်ဂူတစ်ခုဖြစ်ပါသည်။ ထို့ပြင် ကျောက်ငှက်ကျေးရွာအနီး၌ ဝမ်းတွင်းဂူအပြင် ကျောက်ငှက်ရေဝင်ဂူသို့လည်း သွားရောက်လေ့လာနိုင်ပါသည်။