မိန်းမရဲသခင်မတောင်

Listing Description

မိန်းမရဲသခင်မတောင်သည် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးရွာအနီးတွင် တည်ရှိပါသည်။ တောင်၏အမည်မှာ ဒဏ္ဍာရီထဲမှ မင်းသမီးတစ်ပါး ချစ်သူနှင့်ကွေကွင်းခဲ့ရ၍ တောင်၏အနောက်ဘက် ချောက်နက်ထဲသို့ ခုန်ချသတ်သေခဲ့ရမှ အစွဲပြု၍ မိန်းမရဲတောင်ဟု အမည်ခေါ်တွင်ခဲ့ပါသည်။ ယခုအခါ တောင်ပေါ်တွင် စေတီပုထိုးများ၊ တောင်ခြေ၊ တောင်စောင်းအချို့နေရာများတွင် ကျောင်း၊ ဇရပ်များ နှင့် စည်ကားလျက်ရှိပါသည်။ မိန်းမရဲတောင်၏ အနီးတွင် ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်ရှိပါသည်။ မိန်းမရဲတောင်ပေါ်မှကြည့်ရှုနိုင်သော မြင်ကွင်းသည် လှပလွန်းသဖြင့် ခရီးသွားများအတွက် ရောက်ဖြစ်အောင် သွားသင့်သော နေရာတစ်ခုဖြစ်ပါသည်။

မိန်းမရဲတောင်သမိုင်း