အလယ်ချောင်ရေတံခွန်

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၏တောင်ဘက် ၁၇ မိုင်အကွာ၊ အလယ်ချောင်ကျေးရွာအနီးတွင် တည်ရှိပါသည်။ စယဉ်းတောင်ဟုလည်းခေါ်သည့် အလယ်ချောင်ရေတံခွန်သည် အဆင့် ၉ ဆင့်ရှိပြီး အဆင့်များမှာလည်း မနိမ့်လွန်း၊ မမြင့်လွန်းသောကြောင့် ကျောက်တုံးပေါ်မှစီးဆင်းနေသည့် ရေတံခွန်များ ကိုကြည့်ကာ လွန်စွာကြည်နူးစရာခံစားနိုင်မည်ဖြစ်သည်။ မိုးရာသီကာလတွင် ရေတံခွန်ကြီး၏ အပေါ်မှရေများအဆင့်လိုက်ကျရောက်နေသည့်အတွက် ရေတံခွန်၏အပေါ်အထိ တက်ကြည့်၍မရနိုင်ဘဲ မိုးအကုန် ဆောင်းအကူးတွင် ရေအနည်းငယ်လျော့လာသည်နှင့်အမျှ ရေတံခွန်ကြီး၏အပေါ်မှ အဆင့်လိုက်အဆင့်လိုက်ရှိသည့် ရေတံခွန်ငယ်များကို တက်ကြည့်နိုင်သည်။ နွေရာသီတွင်လည်း ရေလုံးဝနည်းသွားခြင်းမျိုးမဟုတ်ဘဲ သဘာဝအလှများနှင့် သုံးရာသီစလုံး ပျော်ရွှင်ကြည်နူး စရာကောင်းသည့်နေရာဖြစ်သည်။